ဘယ်အသားအရေအမျိုးအစားပဲဖြစ်ဖြစ် ချေးချွတ်ပုံ အတူတူပဲလား
အသားအရေ ကျန်းမာစေဖို့ လိုက်နာပေးသင့်တဲ့ အစာအဗေရ ထိန်းသိမ်းမှု အလေ့အထလေး တစ်ခု ရှိပါတယ်။ ဒါကတော့ အသားအရေကို ပုံမှန်လေး ချေးချွတ်သန့်စင်ပေးတာပါ။ ဒီလို သန့်စင်တယ်ဆိုတဲ့နေရာမှာလည်း သူများက ဒီလိုမျိုး ချေးချွတ်လို့ ငါလည်း ဒီလို ချေးချွတ်လိုက်မယ် ဆိုတာမျိုး လုပ်လို့ မရပါဘူး။ အသားအရေ အမျိုးအစားနဲ့ ကိုက်ညီတဲ့ ချေးချွတ်သန့်စင်မှုကို လုပ်ဆောင်ဖို့ လိုပါမယ်။ ဒါမှ အသားအရေကို ထိန်းသိမ်းရာ ရောက်မှာပါ။
ချေးချွတ်တာ အကြောင်း မပြောခင် အသားအရေ အမျိုးအစားလေးတွေကို ပြောပြပေးချင်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦးမှာ ပိုင်ဆိုင်ထားတဲ့ အသားအရေ အမျိုးအစားချင်း မတူကြပါဘူး။ အချို့က ခြောက်သွေ့တယ်၊ အချို့က ပုံမှန် အသားအရေကို ပိုင်ဆိုင်ထားတယ်။ အချို့က ပေါင်းစပ် အသားအရေ၊ အချို့ကတော့ အဆီပြန်နဲ့ အသားအရေ၊ အချို့ကတော့ ထိရှတုံ့ပြန်လွယ်တဲ့ အသားအရေပါ။ ဒီလိုပိုင်ဆိုင်ထားတဲ့ အသားအရေအလိုက် မှန်ကန်စွာ ချေးချွတ်တတ်မှလည်း အသားအရေက ကျန်းမာမှာပါ။
မျက်နှာကို ဘယ်လို ချေးချွတ်မလဲ?
ချေးချွတယ်ဆိုတဲ့ အသုံးအနှုန်းကြောင့် ဘရက်ရှ်တွေနဲ့ ပွတ်၊ အတင်းကို အားနဲ့ ဖိတိုက်တာတွေ လုပ်ရမယ်လို့ မယူဆလိုက်ပါနဲ့။ မျက်နှာကို ချေးချွတ်တဲ့အခါ အသုံးပြုမယ့် ချေးချွတ်သန့်စင် ပစ္စည်းကို မျက်နှာမှာ နှံ့စပ်အောင် လိမ်းပေးပြီး လက်ချောင်းလေးတွေကို သုံးလို့ ခပ်ဖွဖွလေး စက်ဝိုင်းပုံ ပွတ်တိုက်ပေးရင်ကို ရပါတယ်။ ဂွမ်းဖတ်လေးကို သုံးတာ အဝတ်စနုနုလေးတွေကို သုံးတာမျိုး လုပ်ပေးလည်း ရပါတယ်။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။
မျက်နှာကို ချေးချွတ်ပြီးချိန်မှာ အစိုဓာတ်ထိန်းခရင်မ် နဲ့ နေလောင်ကာခရင်မ်ကို လိမ်းဖို့ မမေ့ပါနဲ့။
- ခြောက်သွေ့တဲ့ အသားအရေ
အသားအရေက ခြောက်သွေ့တယ်ဆိုရင် အသားမရေကို တွန်းပြီး အသုံးပြုရတဲ့ ချေးချွတ်ပစ္စည်းတွေကို သုံးလို့ မရပါဘူး။ ဒီလို အသုံးပြုတာက အသားအရေကို ပိုခြောက်သွေ့စေနိုင်ပါတယ်။ ဒါကြောင့် အသားခြောက်တယ်ဆိုရင် AHAs နဲ့ Glycolic Acid တို့လိုမျိုး ခပ်ဖွဖွလေး လိမ်းထားရုံနဲ့ ဆဲလ်သေလ်တွေကို ဖယ်ရှားနိုင်တာမျိုးကို ရွေးချယ်ပေးပါ။
- ထိခိုက်တုံ့ပြန်လွယ်တဲ့ အသားအရေ
ဒီအသားအရေမျိုးက ပွတ်တိုက်မှုကြောင့် အရေပြားနီမြန်းတာ၊ ထိခိုက်လွယ်တာတွေကို ဖြစ်စေပြီး အသားအရေကိုလည်း ကျိန်းစပ်စပ် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဓာတုပစ္စည်း အပျော့စားလေးတွေပဲ ပါဝင်တဲ့ ခပ်ပျော့ပျော့ ချေးချွတ်သန့်စင်ပေးတာမျိုးလေးကို ရွေးချယ်ပေးပါ။ Salicylic Acid Peel လိုမျိုး လုပ်ပေးလို့ ရပါတယ်။
- အဆီပြန်တဲ့ အသားအရေ
မျက်နှာပေါ်က အဆီတွေကို ဖယ်ရှားဖို့အတွက် အဆီပြန်တတ်တယ်ဆိုရင် သေချာလေး ချေးချွတ်သန့်စင်ဖို့ လိုပါမယ်။ ဒါမှ မျက်နှာပေါ်က ဆဲလ်သေတွေ အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်မှာပါ။ Scrub ကို အသုံးပြုပြီး ချေးချွတ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံ နှိပ်နယ်ရင်း ချေးချွတ်ဖို့ မမေ့ပါနဲ့။
- ပုံမှန် အသားအရေ
ပုံမှန် အသားအရေကို ပိုင်ဆိုင်ထားသူတွေကတော့ မိမိနှစ်သက်ရာ ချေးချွတ်နည်းကို အသုံးပြုပေးလို့ ရပါတယ်။ ပုံမှန် ချေးချွတ်နည်းတွေကို အသုံးပြုပေးလို့ ရသလို ဓာတုပစ္စည်းအခြေခံ ချေးချွတ်နည်းတွေကို အသုံးပြုပေးလို့လည်း ရပါတယ်။
- ပေါင်းစပ် အသားအရေ
ပေါင်းစပ် အသားအရေ ပိုင်ရှင်တွေ အနေနဲ့ ၂ မျိုးစလုံးသော ချေးချွတ်နည်းတွေကို အသုံးပြုပေးဖို့ လိုပါမယ်။ တစ်နေ့တည်းမှာ ၂ မျိုးစလုံး တပြိုင်တည်း သုံးတာမျိုးတော့ မလုပ်ပါနဲ့။ ချေးချွတ်သန့်စင်ပြီးတိုင်းမှာ အစိုဓာတ်ထိန်းခရင်မ် ချက်ချင်း လိမ်းပေးဖို့ မမေ့ပါနဲ့။
အခုပြောပြခဲပတဲ့ နည်းလမ်းလေးတွေမှာ ကိုယ်အသားအရေနဲ့ ကိုက်ညီမယ့် နည်းလမ်းကို ရေါးချယ်လို့ တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်အထိ ပုံမှန်လေးချေးချွတ်သန့်စင်လို့ အသားအရေကို ထိန်းသိမ်းပေးပါ။
မွန်မွန်